• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်မှ မြန်မာအား ထောက်ပံ့ပေးသော portable dwellingsများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

(GMT+08:00) 2018-01-07 11:40:21

တရုတ်ပြည်မှ မြန်မာ နိုင်ငံအား ထောက်ပံ့ပေးသော ပြန်လည်တပ်ဆင်ဖြုတ်ချနိုင်သည့်နေအိမ်(portable dwellings) ၁၀၀ကို လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယခုလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်၊ မြန်မာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာ ဝင်မြတ်အေးတို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ သံအမတ်ကြီး ဟုန်လျန့်က ယခုအကြိမ် ထောက်ပံပေးအပ်ခြင်းဖြင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွါသူများ ပြန်လည်နေရာ ချထားရေး ပြဿနာကို မြန်မာ အစိုးရ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရေး အတွက် တစ်ဆင့်တိုး ကူညီပံ့ပိုးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က မြန်မာ အစိုးရ၏ ကိုယ်စား တရုတ်ပြည်မှ ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

   Webradio