• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ နိုင်ငံတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု နယ်ပယ် တိုးချဲ့လာ

(GMT+08:00) 2018-01-06 12:31:40

တရုတ်ပြည်၏ ကမကထပြုခြင်းဖြင့် တည်ဆောက်ထားသည့် လန်ချန်း-မဲခေါင် မြစ်ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို စတင် ကျင့်သုံးဆောင်ရွက်သည်မှာ ၂နှစ်ခန့် ရှိကြောင်း၊ ၄င်းပူးပေါင်းဆောင်ရွက်ရေး စနစ် ဆိုင်ရာ လုပ်ငန်းနှင့် အစီအစဉ်များကို တဖြည်းဖြည်း တွန်းအားပေးသည်နှင့် အမျှ မြန်မာ နိုင်ငံတွင် တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု နယ်ပယ်သည် တိုးချဲ့လာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

 မူလက မြန်မာ နိုင်ငံတွင် တရုတ်ပြည်သည် အဓိကအားဖြင့် ရက်ကန်းရက် လုပ်ငန်းနှင့်  ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ အပါအဝင် အကြီးစား အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံကြောင်း၊ ယခုကတော့ တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံမှု နယ်ပယသည် တိုးချဲ့လာကြောင်း၊ ဥပမာ ပြောရလျှင် မကြာမီတွင် မြန်မာ အစိုးရ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော နွားတင်ပို့ရောင်းချရေး ပိတ်ပင်မှုကို ဖျက်သိမ်းမည်ဟု ဆုံးဖြတ်သောကြောင့် မကြာခင်က တရုတ် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ကုမ္ပဏီတစ်ခုသည် မြန်မာ နိုင်ငံတွင် လာရောက်ပြီး နွားဝယ်ယူတင်သွင်းရေး လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ယမန်နှစ် ဇွန်လက ယူနန်ပြည်နယ်မှ တရားဥပဒေရေးရာ ကုမ္ပဏီ ၅ခုတို့သည် မြန်မာ နိုင်ငံတွင် "တရုတ် လန်ချန်း-မဲခေါင်မြစ် တရားဥပဒေ ရေးရာ ကုမ္ပဏီ"ကို တည်ထောင်ပြီး မြန်မာ နိုင်ငံ၌ လုပ်ကိုင်သော တရုတ် ကုမ္ပဏီများ အတွက် တရားဥပဒေ ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနေကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

 

   Webradio