• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2017-11-28 18:19:19

ယခုလ ၂၈ရက်နေ့က လူဦးရေနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များအဖွဲ့ ဦးစီးကျင်းပသော ၁၄ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးအဆင့် နိုင်ငံတကာ အစည်းအဝေးကို ယခုလ ၂၈ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ Yogyakartaတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း ၂၆ခုမှ ကိုယ်စားလှယ် ၁၂၀ကျော်သည် ယခုအကြိမ် အစည်းအဝေးတွင် လူဦးရေ ပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းက လူဦးရေနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များ အဖွဲ့၏ သဘာပတိ နိုင်ငံ အနေနှင့် တရုတ် အစိုးရသည် ယခုအကြိမ် အစည်းအဝေး ကျင်းပခြင်း အပေါ် အလွန် အလေးထားကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား လူသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု စီမံခန့်ခွဲရေး ဝန်ကြီးဌာန ဝန်ကြီး Puan Maharaniက ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် လက်ရှိ ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် အလွန်ကိုက်ညီကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အမှုဆောင် ဒါရိုက်တာ Natalia Kanemက ဖွံ့ဖြိုးဆဲ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို များစွာ ချီးကျူးကြောင်း၊ လူဦးရေ ကဲ့သို့သော နိုင်ငံတကာ ပြဿနာများကို နိုင်ငံတကာ စနစ်ဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားသည်။

   Webradio