• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် ပတ်သက်၍ ဆွေးနွေး

(GMT+08:00) 2017-11-23 19:45:38

တရုတ်-အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၂ရက်နေ့က တရုတ်ပြည် ကျန်းစူးပြည်နယ် စူးကျိုးမြို့တွင် ကျင်းပခဲ့ရာ တရုတ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း အပါအဝင် အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ၊ (သို့) ဝန်ကြီး၏ကိုယ်စားလှယ်များသည် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် မီဒီယာ လုပ်ငန်း နယ်ပယ်မှ ပူးပေါင်းဆောင်ရွက်ရေး၊ ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးခြင်းနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး ဥက္ကဋ္ဌ ကျန်ကျန့်ကိုက တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အဓိက အောင်မြင်မှုများကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ၄င်းက ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်၏ လမ်းညွှန်မှုဖြင့် တရုတ်ပြည်သည် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် တည်ဆောက်ရေး ခေတ်သစ်တွင် ဝင်ရောက်ပြီး ခေတ်မီသော ဆိုရှယ်လစ် နိုင်ငံ ဘက်စုံ တည်ဆောက်ရေး ဖြစ်စဉ်သစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်ပြည်သည် ကိုယ့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုနွေးထွေးစွာ ပေါင်းစပ်ပြီး Belt and Road အဆိုပြုချက်နှင့် အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို နက်ရှိုင်းစွာ ညီညွတ်စေ ရေးအား တွန်းအားပေးလိုကြောင်း၊ မီဒီယာ လုပ်ငန်းဌာနများ အနေနှင့် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

   Webradio