• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ နိုင်ငံများ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေး ကျင်းပ၊ မီဒီယာများ တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တွန်းအားပေးကြ

(GMT+08:00) 2017-11-23 18:05:46

ယခုလ ၂၂ရက်နေ့က တရုတ်-အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို တရုတ်ပြည် ကျန်းစူးပြည်နယ် စူးကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း၊ ၄င်းအစည်းအဝေး၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား မီဒီယာ လုပ်ငန်း နယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဖြစ်ကြောင်း၊ တက်ရောက်သူများသည် မီဒီယာ လုပ်ငန်း နယ်ပယ်မှ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပိုမို နွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက် အဝန်း တည်ဆောက်ရေး ဟူသော ခေါင်းစဉ်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ဆွေးနွေး ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး ဥက္ကဋ္ဌ ကျန်ကျန့်ကိုက မိန့်ခွန်းပြောကြားရာ အာရှနှင့် ပစိဖိတ် ထိပ်သီးများ အလွတ်သဘော အစည်းအဝေး ကျင်းပစဉ် အတွင်း တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည် အနေနှင့် အာဆီယံနှင့် မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာပြတ် သားစွာဆောင်ရွက်ပြီး အာဆီယံနှင့် အတူ ပိုမို နွေးထွေးသော ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ကြမည်ဟု ဖော်ပြခဲ့ကြောင်း၊ ယင်းသည် တရုတ်-အာဆီယံ မီဒီယာများ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဦးတည်ချက်ကို သတ်မှတ် ခဲ့ကြောင်း၊ ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက် ရေးတွန်းအားပေးခြင်းသည် မီဒီယား လုပ်ငန်းဌာနများ အနေနှင့် ထမ်းဆောင်ရမည့် ဘုံတာဝန်ဝတ္တရား ဖြစ်ကြောင်းလည်း ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်သည့် မြန်မာ အသံလွှင့်နှင့် ရုပ်မြင်သံကြားဌာန ညွှန်ချုပ် မြင့်ထွေးက မီဒီယာ၏ အခန်းကဏ္ဍသည် နှစ်ဖက်တို့ အရပ်ဘက် ချစ်ကြည်ရေး အတွက် အလွန် အရေးကြီးသလို အနာဂတ်တွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း အလွန်သော့ချက်ကျကြောင်း၊ အစည်းအဝေးမှ ထုတ်ပြန်သော "တရုတ်- အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေး အဆိုပြုချက်"တွင် တရုတ်နှင့် အာဆီယံ နိုင်ငံများသည် မီဒီယာ လုပ်ငန်း နယ်ပယ်တွင် ပိုမိုနွေးထွေးစွာ စည်းလုံးညီညွတ်ပြီး ရေရှည် စနစ်ရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုကို ပြုလုပ်ရန် အဆိုပြုကြောင်း ပြောကြားသည်။

   Webradio