• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် ဒေသတွင်း တည်ငြိမ်ရေး အတွက် တွန်းအားပေး

(GMT+08:00) 2017-11-23 16:24:27

ယခုလ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နိုင်ငံတွင် မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက်ကို သီးခြား ရှင်းလင်းဖော်ပြရာ သက်ဆိုင်ရာ ပြဿနာကို ၃ဆင့်ခွဲ့ပြီး ဖြေရှင်းရန် အကြံပေးခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

နိုင်ငံတကာ မိသားစုကြီးသည် ဘင်္ဂါလီ ပြဿနာ အပေါ် အာရုံစိုက်နေကြသည်။ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာ နိုင်ငံတွင် လူမျိုးရေး သုတ်သင်မှု မရှိကြောင်း၊ မြန်မာ နိုင်ငံသည် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အပေါ် ကြောက်စရာ မရှိဘဲ ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး အတွက် ဖျန်ဖြေမှုကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

သို့သော် အမေရိကန် အပါအဝင် အနောက် နိုင်ငံများသည် ၄င်းပြဿနာနှင့် ပတ်သက်၍ မြန်မာ အစိုးရကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်များ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း ရေးသားဖော်ပြသည်။

၎င်းပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား လူသားချင်း စာနာထောက်ထားမှုများကို ပေးပြီး နှစ်နိုင်ငံမှ ချီးကျူးမှု ရရှိခဲ့ကြောင်း၊ ဘင်္ဂါလီ ပြဿနာသည် အချိန်ကြာလွန်ခဲ့ပြီ ဖြစ်ပြီး သမိုင်း၊ တိုင်းရင်းသား လူမျိုးစုနှင့် ဘာသာရေး အပါအဝင် ရှုပ်ထွေးသော အကြောင်းများနှင့် သက်ဆိုင်ကြောင်း၊ တရုတ်ပြည်သည် ၄င်းပြဿနာနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုတွေ မလုပ်ဘဲ ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

   Webradio