• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-11-23 16:22:21

တရုတ်-အာဆီယံ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၂ရက်နေ့က တရုတ်ပြည် စူးကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် မီဒီယာ လုပ်ငန်း နယ်ပယ်၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ခြင်းနှင့် ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ ဆွေးနွေးပြီး "တရုတ်-အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း ဝန်ကြီးများ အစည်းအဝေး အဆိုပြုချက်"ကို အတည်ပြုပြဌာန်းခဲ့ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံး ဥက္ကဋ္ဌ ကျန်ကျန့်ကို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း အပါအဝင် အာဆီယံ နိုင်ငံများမှ မီဒီယာ လုပ်ငန်း  ဝန်ကြီးများ၊(သို့) ဝန်ကြီး၏ ကိုယ်စားလှယ်များနှင့် တရုတ် အစိုးရ သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio