• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခရီးသွားခြင်းသည် တရုတ်-အာဆီယံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး

(GMT+08:00) 2017-11-21 19:01:13

ယခုနှစ်သည် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်သည်။ တရုတ်နှင့် အာဆီယံ အကြားရှိ ခရီးသွား ပူးပေါင်းဆောင်ရွက်မှု အဆင့်နှင့် အရည်အသွေးသည် တိုးမြင့်လာပြီး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အရှေ့တောင်အာရှတွင် တရုတ် ခရီးသည် ဦးရေး အလွန်များပြားသဖြင့် တရုတ်ပြည်သည် အာဆီယံ နိုင်ငံများ၏ ခရီးသွားလုပ်ငန်း အတွက် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ ဥပမာပြောရလျှင် ဖိလစ်ပိုင် ခရီးသွား ဝန်ကြီးဌာနမှ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အထိ ဖိလစ်ပိုင်သို့ သွားရောက်ခရီးလှည့်လည်ခဲ့သည့် တရုတ် ခရီးသည် ဦးရေမှာ ၆သိန်း၎သောင်းကျော် ရှိပြီး ဖိလစ်ပိုင် နိုင်ငံတွင်ရှိ နိုင်ငံခြား ခရီးသည် စုစုပေါင်း ဦးရေ၏ ၁၄့၃၅ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တရုတ်နှင့် အာဆီယံ အကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းလာသည်နှင့်အမျှ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်-အာဆီယံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် ပေါင်းကူးတံတား ဖြစ်လာကြောင်း ရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစား လုပ်ငန်း ဝန်ကြီး ဂါဂန်က အာဆီယံ ဒေသ၏ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးတွင် တရုတ်ပြည်မှ ပါဝင်ဆောင်ရွက်ခြင်းသည် အဝေးပြေးကားလမ်းနှင့် ရထားလမ်းစသည့် လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက် အအုံများတွင် အာဆီယံအတွက် ကြီးမားသည့် အားပေးထောက်ခံမှု ပေးနိုင်ကြောင်း၊ ယင်းသည် ကုန်စည်ပို့ဆောင်မှု အရှိန်နှင့် အရည်အသွေးကို တိုးမြှင့်နိုင်ရုံသာမကဘဲ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio