• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-11-20 15:16:45

ယခုလ ၁၉ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက မြန်မာ့ တပ်မတော်သည် မြန်မာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး ဖြစ်စဉ်တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပြီး တရုတ်-မြန်မာ ချစ်ကြည်မှု တွန်းအားပေးရေး အတွက် ခိုင်မာသော အင်အား တလျှောက်လုံး ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အကြားရှိ ဆက်ဆံမှုသည် တရုတ်-မြန်မာ ဆက်ဆံရေးတွင် မရှိမဖြစ် အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့ တပ်မတော်သည် နှစ်နိုင်ငံ တပ်မတော် အကြားရှိ ကူးလူးဖလှယ်ရေး အစဉ်အလာကို ဆက်ခံပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး ဆက်ဆံမှုကို ခေတ်သစ်တွင် ဝင်ရောက်စေရန် တွန်းအားပေးရေး အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

   Webradio