• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် သတင်းစာတွင် ရှီကျင့်ဖိန် ဆောင်းပါး ရေးသား

(GMT+08:00) 2017-11-10 16:15:16

အေပက်အဖွဲ့ ၂၅ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးသို့ တက်ရောက်ရန် ဗီယက်နမ်သို့ ခရီးမထွက်ခင်က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ Nhan Danသတင်းစာတွင် တရုတ်-ဗီယက်နမ် ချစ်ကြည်ရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ရေးသားဖော်ပြရာ တရုတ်-ဗီယက်နမ် ဆက်ဆံမှု သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေကို ပြန်လည် သုံးသပ်ပြီး နိုင်ငံတော် အင်အား တောင့်တင်းစေရေးနှင့် ပြည်သူများ၏ ချမ်းသာရေး အကောင်အထည်ဖော်ခြင်း အတွက် နှစ်နိုင်ငံမှ လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒနှင့် ဗီယက်နမ်တွင် ကျင်းပတော့မည့် အေပက်အဖွဲ့ ၂၅ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး အပေါ် သူ၏ထောက်ခံမှုနှင့် မျှော်လင့်ချက်ကို ရေးသားဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio