![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၃ရက်နေ့မှ ၁၄ရက်နေ့အထိ လာအို နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် ၁၁နှစ် အတွင်း တရုတ် ထိပ်သီးခေါင်းဆောင်၏ ပထမဆုံးအကြိမ် လာအို ခရီးစဉ် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
လာအို ဆိုင်ရာ တရုတ် သံအမတ်ကြီး ဝမ်ဝင်ထျန်းက ယခုလ ၇ရက်နေ့က ဗီယင်ကျန်းမြို့တွင် တရုတ် မီဒီယာမှ အင်တာဗျူ လက်ခံရာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် လာအို ခရီးစဉ်သည် တရုတ်-လာအို ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အပေါ် တရုတ် ပါတီနှင့် အစိုးရမှ အလွန် အလေးထားခြင်းကို ဖော်ပြနေကြောင်း၊ နှစ်နိုင်ငံတို့သည် ကြံ့ခိုင်သော တရုတ်-လာအို ကံကြမ္မာ အသိုက်အဝန်း ကို ဆက်လက် တည်ဆောက်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။