• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခွန်ကင်းလွတ်ခွင့် စနစ် ကျင့်သုံးမည့် အခြေအနေတွင် တရုတ်-အာဆီယံ ကုန်သွယ်ရေး လျင်မြန်စွာ တိုးတက်မည်

(GMT+08:00) 2017-11-02 15:45:39

    မကြာခင်က တရုတ် နိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Soegeng Rahardjoက တရုတ် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာ အခွန်ကင်းလွတ်ခွင့် စနစ် ကျင့်သုံးမည့် အခြေအနေမျိုးတွင် တရုတ်-အာဆီယံ ကုန်သွယ်ရေးသည် လျင်မြန်စွာ တိုးတက်မည် ဖြစ်ကြောင်း ပြောကြားသည်။

    တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်မှ အခွန်တော်အချို့ လျှော့ချရေး အချိန်ဇယားအရ လာမည့် ၂၀၁၈ခုနှစ်တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဖွဲ့ဝင် နိုင်ငံအားလုံးမှ  ကျန်ကုန်ပစ္စည်းများ အပေါ် အခွန်ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း၊ အခွန်ကင်းလွတ်ခွင့် စနစ် ကျင့်သုံးမည့် အခြေအနေမျိုးတွင် အာဆီယနှင့် တရုတ်ပြည်၏ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်စွာ တိုးတက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio