• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားမှ တရုတ် ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူများ လွှဲပြောင်းပေးခြင်း နှင့်ပတ်သက်၍ တရုတ် တုံ့ပြန်ပြောကြား

(GMT+08:00) 2017-11-01 16:23:21

ကမ္ဘောဒီးယား နိုင်ငံမှ နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည်ဟု တရုတ် သံသယရှိသူများအား တရုတ်ပြည်သို့ လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွှင်းယင်းက တရုတ်ပြည် သက်ဆိုင်ရာ ဌာနသည် လွှဲပြောင်းယူခဲ့သော ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်ကမ်းမှ သံသယရှိသူများကို ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ကမ္ဘောဒီးယားမှ ပြတ်သားစွာ စွဲကိုင်ပြီး တရုတ်ဘက်နှင့် ဆက်သွယ်ရေး လိမ်လည်မှု အပါအဝင် နိုင်ငံဖြတ်ကျော် အပြစ်ကျူးလွန်မှုများအား ပူးပေါင်းတိုက်ဖျက်ခြင်း အပေါ် တရုတ်ပြည်သည် များစွာ ချီးကျူး၍ ကျေးဇူးတင်ရှိကြောင်း လည်းအောက်တိုဘာလ ၃၁ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio