• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုကို လက်တွေ့ဆောင်ကြဉ်း လာသည်ဟု အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00) 2017-11-01 16:20:08

အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ရှူဘုက မကြာခင်က စင်ကာပူ နိုင်ငံ Yousef Issam သုတေသနဌာန၏ ASEAN Focus မဂ္ဂဇင်းမှ အင်တာဗျူး လက်ခံရာတွင် အာဆီယံ အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုကို လက်တွေ့ဆောင်ကြဉ်းလာကြောင်း၊ တရုတ်ပြည်၏ ရှေ့ရေးနှင့် ကံကြမ္မာသည် အာဆီယံ နိုင်ငံများနှင့် နွေးထွေးသော ဆက်စပ်မှု ရှိကြောင်း၊ အာဆီယံ နိုင်ငံများသည် တရုတ်ပြည်နှင့် တောတောင်ရေမြေချင်း ဆက်စပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး တရုတ်ပြည်၏ ဘေးပတ်ပတ်လည် သံတမန်ရေး၏ ဦးစားပေးချက် ဖြစ်ကာ Belt and Road တည်ဆောက်ရေးတွင် အရေးကြီးသည့် မိတ်ဖက်လည်း ဖြစ်ကြောင်း၊ အာဆီယံမှ အေးချမ်းတည်ငြိမ်မှု အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဦးဆောင်တွန်းအား ပေးရေးတို့သည် ဒေသတွင်း နိုင်ငံများ၏ အလေးထားချက်များနှင့် ဘက်အသီးသီးများ၏ အကျိုးစီးပွားများနှင့် ကိုက်ညီကြောင်း၊ လွန်ခဲ့သည့် နှစ်များက အာဆီယံ ဦးဆောင်သော အရှေ့အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ဒေသတွင်းနှင့် အခြား ဒေသများမှ နိုင်ငံများ အကြား ဒေသတွင်း ရေးရာ အတူ တိုင်ပင်ဆွေးနွေးခြင်း၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အတူ တွန်းအားပေးခြင်း၊ ဒေသတွင်း စိန်ခေါ်မှုများ အတူ ရင်ဆိုင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ အတူမျှဝေခံစားခြင်း အတွက် အရေးကြီးသည့် အခွင့်ကောင်း ဖန်တီးပေးခဲ့သည့်အပြင်၊ နိုင်ငံကြီးများ အကြား မဟာဗျူဟာ လုံခြုံရေး ဆွေးနွေးပွဲ ကျင်းပရန်နှင့် မူဝါဒ ချမှတ်ရေး ဆိုင်ရာ ကူးလူးဖလှယ်မှု တိုးမြင့်ရန် အတွက် အရေးကြီးသည့် ပလက်ဖောင်းလည်း ဖန်တီးပေးခဲ့ကြောင်း၊ ထို့အပြင်၊ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးကို ထိန်းသိမ်းကာကွယ်ပေးပြီး တရုတ်-အာဆီယံ ဆွေးနွေးရေး မိတ်ဖက် ဆက်ဆံမှု ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့ကြောင်း ပြောကြားသည်။

   Webradio