• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် စီးပွားရေး အရည်အသွေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အလေး ထားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အပေါ် လိုအပ်မှု ပိုများလာမည်ဟု ပညာရှင်များဆို

(GMT+08:00) 2017-10-31 13:43:16

တရုတ် စီးပွားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ပတ်လည် အစည်း အဝေးကို မကြာခင်က ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်သူများ သည် "တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်နှင့် ကမ္ဘာ"ဟူသော ခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ၄င်းတို့က တရုတ် စီးပွားရေးသည် အရည်အသွေး ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသို့ ဝင်ရောက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အပေါ် လိုအပ်မှု ပိုမိုများပြားလာမည် ဖြစ်ကြောင်း ယူဆကြသည် ဟုစီအာအိုင်က ရေးသားဖော်ပြသည်။

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ၏အစီရင်ခံစာတွင် ခေတ်မီသော စီးပွားရေး စနစ် တည်ဆောက်ရေးကို တင်ပြထားပြီး တရုတ် စီးပွားရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်ကာလမှ အရည်အသွေး ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသို့ ဝင်ရောက်နေကြောင်း၊ ချောမောစွာ ဝင်ရောက်ရန် အတွက် ခေတ်မီသော စီးပွားရေး စနစ် တည်ဆောက်ရေးကို  အရေးတကြီး လိုအပ်ကြောင်း၊ ထို့အပြင်၊ ခေတ်မီသော စီးပွားရေး စနစ် တည်ဆောက်ရေးသည် တရုတ် ဖွံ့ဖြိုးတိုးတက်ရေး၏ မဟာဗျူဟာ ရည်မှန်းချက် ဖြစ်ကြောင်းလည်း ပညာရှင်များက ယူဆကြသည်။

 

   Webradio