• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

APECထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အောင်မြင်စွာ ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဗီယက်နမ်ဆို

(GMT+08:00) 2017-10-30 15:30:18

ဗီယက်နမ် ဒုနိုင်ငံခြားရေး ဝန်ကြီး၊ ၂၀၁၇ခုနှစ် အာရှနှင့် ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC) ဗီယက်နမ် နိုင်ငံတော် ကော်မတီ ဒုဥက္ကဋ္ဌ Bui Thanh Sonက မကြာခင်က ဟနွိုင်းမြို့တော်တွင် တရုတ် ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာ၌ ဗီယက်နမ် အနေနှင့် APECထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အောင်မြင်စွာ ကျင်းပရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

၎င်းက ၂၀၁၅ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်သည် APEC နိုင်ငံတော် ကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အစည်းအဝေး ဆိုင်ရာ အဆောက်အအုံ များ၊ ထောက်ပံ့ရေး၊ လုံခြုံရေးစသည့် ပြင်ဆင်ရေး လုပ်ငန်းများသည် အခြေခံအားဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၇ခုနှစ် APECထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာလ ၆ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ Da Nangတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ အစည်းအဝေး ကျင်းပစဉ် အတွင်း ၂၅ကြိမ်မြောက် APECထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

   Webradio