• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရည်အသွေးနှင့် တွင်ကျယ်မှု တိုးမြှင့်ရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလေးထားချက် ဖြစ်ဟု ပညာရှင်များဆို

(GMT+08:00) 2017-10-30 15:29:03

"တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်နှင့် ကမ္ဘာ"ဟူသော ခေါင်းစဉ်ဖြင့် တရုတ် စီးပွားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၈ရက်နေ့တွင် ပီကင်း၌ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ၌တင်ပြသော ခေတ်မီရေး စီးပွားရေး စနစ် တည်ဆောက်ရေး အပေါ် ၄င်းအစည်းအဝေးသို့ တက်ရောက်ကြသော ပြည်တွင်းပြည်ပ ပညာရှင်များသည် အာရုံစိုက်နေကြကြောင်း၊ ၄င်းတို့က အရည်အသွေးနှင့် တွင်ကျယ်မှု တိုးမြှင့်ရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလေးထားချက် ဖြစ်မည်ဖြစ်ပြီး အနာဂတ်တွင် ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးရေးအား တွန်းအားပေးခြင်း မဟာဗျူဟာကို နက်ရှိုင်းစွာ လက်တွေ့ဆောင်ရွက်ကာ ဆန်းသစ်တီထွင်ရေးနယ်ပယ်မှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသင့် သည်ဟု ယူဆကြကြောင်း ဖော်ပြသည်။

   Webradio