• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-10-28 09:42:48
၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ယခုလ ၂၇ ရက်နေ့က အစည်းအဝေး ကျင်းပပြီး၊ ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အကြောင်းအရာများ လေ့လာ၊ အကောင်အထည်ဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို စီမံ ဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ ပါတီ ဗဟိုကော်မတီ ဦးဆောင်မှုကို ထိန်းသိမ်း အားဖြည့်ရေးဆိုင်ရာ သတ်မှတ်ချက်စာတမ်းနှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် ၈ ရပ်ကို ဖေါ်ဆောင်ရေး စာတမ်းကို စိစစ် ခဲ့ကြောင်း၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio