• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ကောင်စီဝင် ချမ်ဝမ့်ချွမ်ကို ဖိလစ်ပိုင် သမ္မတ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-10-27 15:21:39

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေးက ယခုလ ၂၅ရက်နေ့က မနီလာမြို့တော်ရှိ အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင်၊ ကာကွယ်ရေး ဝန်ကြီး ချမ်ဝမ့်ချွမ်ကို သမ္မတရုံး၌ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဒူတာတေးက တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် အောင်မြင်မှုများ ရရှိခြင်း အတွက် ဝမ်းသာမိကြောင်း၊ ရှီကျင့်ဖိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ထပ်မံ အရွေးခံရခြင်း အပေါ် လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သည် ပိုမိုကြီးမားသည့် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်ကြောင်း၊ ဖိလစ်ပိုင်သည် ဖိလစ်ပိုင်-တရုတ် ဆက်ဆံမှု အပေါ် အလွန် အလေးထားကြောင်း၊ ဖိလစ်ပိုင် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် တရုတ်ပြည်မှ အားပေးထောက်ခံမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ချန်ဝမ့်ချွမ်က တရုတ်ပြည် အနေနှင့် ဖိလစ်ပိုင်နှင့် အတူ ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ဒူတာတေးတို့ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုအရ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေပြီး သဘောကွဲလွဲမှုကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်း ကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးချဲ့နက်ရှိုင်းစေပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ရေရှည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ဆောင်ရွက်ကြလိုကြောင်း ပြောကြားသည်။

   Webradio