• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထပ်မံ အရွေးခံရခြင်း အပေါ် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များ ဂုဏ်ပြုကြောင်း ဖော်ပြ

(GMT+08:00) 2017-10-27 15:20:58

အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များက မကြာခင်ရက်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အသီးသီး ပေးပို့ရာ ရှီကျင့်ဖိန်အား ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် အရွေးခံရခြင်း အပေါ် ဂုဏ်ပြုကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

မြန်မာ နိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် အထွေထွေ အတွင်း ရေးမှူး ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ် ကွန်မြူနစ်ပါတီသည် အတော်အတန် ချမ်းသာသည့် လူ့ဘောင် အဖွဲ့အစည်း ဘက်စုံ တည်ဆောက်ရေးနှင့် ခေတ်သစ် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အောင်မြင်မှု ရရှိရေး ရည်မှန်းချက်များကို ချောမောစွာ အကောင်အထည်ဖော်နိုင်မည်ဟု မိမိယုံကြည်ကြောင်း ဖော်ပြသည်။

ထို့အပြင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအို နိုင်ငံများမှ နိုင်ငံတော်နှင့် နိုင်ငံရေး ပါတီများမှ ထိပ်သီးခေါင်းဆောင်များသည် ဂုဏ်ပြုကြောင်း သဝဏ်လွှာကိုလည်း အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

   Webradio