• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြမ်းဖက်မှု အန္တရာယ် ရင်ဆိုင်ရေး အတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံ တွန်းအားပေး

(GMT+08:00) 2017-10-27 15:16:11

၁၁ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးနှင့် စတုတ္ထ အကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့အစည်းအဝေးကို ယခုလ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း Clark လေတပ် အခြေခံ စခန်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အာဆီယံ ဆယ်နိုင်ငံနှင့် ဆွေးနွေးဘက် ၈နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း၊ သက်ဆိုင်ရာ ပညာရှင်များက ဒေသတွင်း အကြမ်းဖက်မှု အန္တရာယ် တိုးမြင့်လာနေသည့် အခြေအနေမျိုးတွင် ယခုအကြိမ် အစည်းအဝေးသည် ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အပေါ် အလွန် အာရုံစိုက်ကြောင်း၊ ဒေသတွင်း ဆက်ဆံမှုနှင့် အခြားဒေသများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

ယခုလ ၂၃ရက်နေ့က အာဆီယံ ကာကွယ်ရေး ဝန်ကြီးများမှ ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် ဒေသတွင်း အကြမ်းဖက်မှု အန္တရာယ် အပေါ် စိုးရိမ်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြသည့် အပြင်၊ ဒေသတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ပြီး အကြမ်းဖက်မှု မှန်သမျှကို တိုက်ဖျက်ကာ သတင်းအချက်အလက် အတူမျှဝေရေးနှင့် ပြည်သူများအား သက်ဆိုင်ရာ ဗဟုသုတများ ဖြန့်ချိသင်ကြားပေးမှု အားဖြည့်ဆောင်ရွက်ခြင်းစသည့် ဆောင်ရွက်ချက်များဖြင့် အကြမ်း ဖက်မှုအန္တရာယ် ရင်ဆိုင်ရန် မျှော်လင့်ကြောင်းလည်း ဖော်ပြသည်။

   Webradio