• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် သမ္မတ ထရမ့်သည် နိုဝင်ဘာလတွင် တရုတ်ပြည်သို့ ခရီးလှည်လည်မည်

(GMT+08:00) 2017-10-27 15:15:20

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှိကျင့်ဖိန်သည် ယခုလ ၂၅ရက်နေ့က ချိန်းထားသည့် အတိုင်း အမေရိကန် သမ္မတ ထရမ့်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ထရမ့်က တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး ခြင်းနှင့် ရှီကျင့်ဖိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထပ်မံ အရွေးခံရခြင်း အပေါ် ဂုဏ်ပြုကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အပေါ် တစ်ကမ္ဘာလုံးက အားရုံစိုက်နေကြကြောင်း၊ မိမိ အနေနှင့် ၄င်းညီလာခံတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်မှ အရေးကြီး မူဝါဒ ဆိုင်ရာ ဖော်ပြချက်များ အပေါ် မျက်ခြေမပြတ် အာရုံစိုက်ကြောင်း၊ အမေရိကန် ပြည်သူများသည် မိမိပြုလုပ်တော့မည့် တရုတ် ခရီးစဉ် အပေါ် အာရုံစိုက်နေကြကြောင်း၊ မိမိသည် ပီကင်းတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် တွေ့ဆုံပြီး အမေရိကန်-တရုတ် ပူးပေါင်း ဆောင်ရွက်ရေး၊ အတူ အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများနှင့် ပတ်သက်၍ အပြည့်အဝ အမြင်ချင်း ဖလှယ်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်။

အမေရိကန် သမ္မတ ထရမ့်သည် ယခုနှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သို့ လာရောက် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း သိရသည်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက ယခုလ ၂၆ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် လက်ရှိအချိန်၌ တရုတ်နှင့် အမေရိကန် နှစ်ဖက်တို့သည် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တွေးဆချက်နှင့် အောင်မြင်မှုများ နောက်တစ်ဆင့် ဇောက်ချ ပြုလုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း ပြောကြားသည်။

   Webradio