• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသည်၊ အာဆီယံ နိုင်ငံများဖွံ့ဖြိုးရေးအတွက် အခွင့်အခါကောင်းဖန်တီးပေးမည်ဟု အာဆီယံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များက ခံယူကြ

(GMT+08:00) 2017-10-27 10:42:32

      ၁၉ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို မကြာမီရက်များက ပီကင်းတွင် ကျင်းပခဲ့ပြီး၊ အာဆီယံနိုင်ငံများက အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် များသည်၊ အလွန်အာရုံစိုက်နေကြသည်။ စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ၌၊ ၄င်းတို့က ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် အသင့်အတင့်ချောင်လည်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံ ဘက်စုံတည်ဆောက်ရန် အချိန်ဇယားကို စီမံချမှတ်ခဲ့ကြောင်း၊ တရုတ်ဖွံ့ဖြိုးတိုးတက်ရေးသည်၊ အာဆီယံနိုင်ငံများဖွံ့ဖြိုးရေးအတွက် အခွင့်အခါကောင်းများ ဖန်တီးပေးမည်ဖြစ်ကြောင်း ယူဆကြသည်ဟု စီအာအိုင်က ဖော်ပြသည်။

   Webradio