• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ပါတီ စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြီး ခေတ်သစ် လမ်းညွှန်ရေး အတွေးအခေါ်ကို သတ်မှတ်

(GMT+08:00) 2017-10-26 18:27:16

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၂၄ရက်နေ့က ပီကင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ၄င်းအစည်းအဝေး တွင် ရှီကျင့်ဖိန် ခေတ်သစ် တရုတ် ဝိသေသထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေး အခေါ်များကို ပါတီ စည်းမျဉ်းစည်းကမ်းများတွင် ထည့်သွင်းရေးသားရန် တညီတညွတ် တည်းသဘောတူကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

သက်ဆိုင်ရာ ပုဂ္ဂိုလ်များက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်သို့ ဝင်ရောက်ခဲ့သည့် အခြေအနေမျိုးတွင် ရှီကျင့်ဖိန် ခေတ်သစ် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်များသည် တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် စွဲကိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လမ်းညွှန်ပေးပြီး တရုတ် ဝိသေသ ထူးခြားချက် ပါရှိသော ဆိုရှယ်လစ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်နေကြောင်း ပြောကြားသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

   

   Webradio