• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် ပတ်သက်၍ ထိုင်းအင်တာနက် သုံးစွဲသူများ ပြောကြား

(GMT+08:00) 2017-10-26 16:07:32

ယခုလ ၂၅ရက်နေ့က ကျင်းပခဲ့သော ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ရှီကျင့်ဖိန်ကို အမြုတေပြု သောအကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေး အပြီး အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များသည် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။ စီအာအိုင် ထိုင်းဘာသာ အစီအစဉ် အဖွဲ့သည် စီအာအိုင် အွန်လိုင်း ထိုင်းဘာသာ ဝက်ဘဆိုက်၊ China.com ထိုင်းဘာသာ ဝက်ဘဆိုက်၊ FACEBOOK ထိုင်း ဘာသာ အကောင့်နှင့် CHINA FACEစသည့် ပလက်ဖောင်းများတွင် ၄င်းသတင်း ထောက်များနှင့် တွေ့ဆုံပွဲ၌ ရှိကျင့်ဖိန်၏ မိန့်ခွန်းပြောကြားခြင်းကို တိုက်ရိုက်ထုတ်လွှင့် ခဲ့သည်။ ထိုင်းနိုင်ငံမှ ဝက်ဘဆိုက် သုံးစွဲသူများသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ရရှိသော အောင်မြင်မှုများ ချီးကျူးကြောင်း ဖော်ပြကြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio