• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ထရန့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2017-10-26 15:23:16

ယမန်နေ့ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ချိန်းထားသည့်အတိုင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

သမ္မတထရန့်က ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူအဖြစ် ထပ်မံအရွေးခံရခြင်းကို ထောပနာပြုကြောင်း၊ မကြာမီတွင် ပီကင်းမြို့၌ ဥက္ကဋ္ဌရှိကျင့်ဖိန်နှင့် တွေ့ဆုံပြီး တရုတ်-အမေရိကန်နှစ်ဖက်ဆက်ဆံမှု တွန်းအားပေးရန်နှင့် အတူအာရုံစိုက်ကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်သွားကြရန် မိမိ မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က သမ္မတထရန့်၏ ထောပနာပြုခြင်းကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြပါသည်။

   Webradio