• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရွေးချယ် တင်မြှောက်၊ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ တရုတ်ပြည် အပေါ် မျှော်လင့်ချက် အပြည့်အဝရှိ

(GMT+08:00) 2017-10-25 19:12:03

    ယခုလ ၂၅ရက်နေ့က ကျင်းပခဲ့သော ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို

ကော်မတီ ပထမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ရှီကျင့်ဖိန်အား အမြုတေပြုသော အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း၊ အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာ လာမည့် ၅နှစ်တွင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို သတ်မှတ်ပြီး လာမည့် ၅နှစ်တွင် တစ်ပါတီလုံး၏ လုပ်ငန်း စီမံကိန်းကို တင်ပြခဲ့ကြောင်း ပြောကြားသည်။ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များသည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ မိန့်ခွန်းကို များစွာ ချီးကျူး ကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် မျှော်လင့်ချက် အပြည့်အဝရှိကြောင်း ဖော်ပြသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio