• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး သတင်းပြန်တမ်းကို ထုတ်ပြန်

(GMT+08:00) 2017-10-25 12:38:31

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၇ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ၂၀၄ဦး၊ အရံကော်မတီဝင် ၁၇၂ဦးတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် အကဲဖြတ် လေ့လာသူ အဖြစ် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။

ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် အရွေးခံကာ အရေးကြီး မိန့်ခွန်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များ၊ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးကို ရွေးချယ်တင်မြှောက်ခဲ့သည်။ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့၏ နာမည်တင်သွင်းခြင်းအရ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူးများ နာမည်စာရင်းကို အတည်ပြု ပြဌာန်းပြီး ဗဟိုစစ်ရေး ကော်မရှင် အဖွဲ့ဝင်များကို ဆုံးဖြတ်ခဲ့သည်။ ၁၉ကြိမ်မြောက် ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင် ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ရွေးချယ်တင်မြှောက်ခဲ့သော အတွင်းရေးမှူး၊ ဒုအတွင်းရေးမှူးနှင့် အမြဲတမ်းအဖွဲ့ဝင်များ နာမည်စာရင်းကို အတည်ပြုခဲ့သည်။

 

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များတွင် Ding Xuexiang  Xi Jinping  Wang Chen  Wang Huning  Liu He   Xu Qiliang

Sun Chunlan   Li Xi   Li Qiang   Li Keqiang  Li Hongzhong  Yang Jiechi  Yang Xiaodu  Wang Yang  Zhang Youxia  Chen Xi  Chen Quanguo  Chen Min'er  Zhao Leji   Hu Chunhua  Li Zhanshu  Guo Shengkun 

Huang Kunming  Han Zheng  Cai Qi ပါဝင်သည်။

 

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်များတွင် ရှီကျင့်ဖိန်(Xi Jinping)    လီခေ့ချန်(Li Keqiang) လိကျန့်ရှူး(Li Zhanshu) ဝမ်းယန်(Wang Yang) ဝမ်ဟုငြိမ်(Wang Huning) ကျောက်လို့ကြည့်(Zhao Leji) ဟန်ကျင့်(Han Zheng) ပါဝင်သည်။

 

ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်သည်။

   Webradio