• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Friday  Jun 27th   2025   

တရုတ်နိုင်ငံသည် အကြီးစား၊ အလတ်စား လေယာဉ်တင်သင်္ဘော ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ နိုင်စွမ်း ရှိပြီ

(GMT+08:00) 2017-10-25 09:26:23

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၂၄ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့ကြောင်း၊ ညီလာခံ အပြီးတွင် လုပ်ငန်း ပေါင်းစုံမှ ပါတီ ကိုယ်စားလှယ် ၂၁ ဦးတို့သည် ပြည်တွင်းပြည်ပမှ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကိုယ်စားလှယ် ဖြစ်သူ၊ တရုတ် သင်္ဘော ထုတ်လုပ်ရေး ကုမ္ပဏီ အုပ်စု လက်အောက်ခံ အမှတ် ၇၀၁ သုတေသနဌာန ဌာနမှူး ဦးရှောင်ကွမ်က၊ တရုတ်နိုင်ငံသည် အကြီးစားနှင့် အလတ်စား လေယာဉ်တင်သင်္ဘောကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ နိုင်စွမ်း ရှိပြီ ဖြစ်ပြီး အနာဂတ်တွင် တရုတ်ပြည် သင်္ဘော သုတေသနပြု ထုတ်လုပ်ရေး သိပံ္ပနည်းပညာ၏ အဆင့်အတန်းသည် ကမ္ဘာ့ရှေ့ပြေးနေရာ၌ ရှိနိုင်မည်ဟု ယုံကြည်စိတ် ရှိပါကြောင်း ပြောကြားပါသည်။

no comments !
   Webradio