![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက ပီကင်းတွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ညီလာခံတွင် ရှီကျင့်ဖိန် အပါအဝင် အဖွဲ့ဝင် ၂၀၄ဦးနှင့် အရံကော်မတီဝင် ၁၇၂ဦး ပါဝင်သည့် အကြိမ်သစ် ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၁၃၃ဦး ပါဝင်သော ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင်၊ ညီလာခံတွင် တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်းဥပဒေ ပြင်ဆင်ရေး မူကြမ်းကို အတည်ပြု ပြဌာန်းရာ ရှီကျင့်ဖိန် ခေတ်ကာလသစ် တရုတ် ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ် အတွေးအခေါ်ကို တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်း ဥပဒေတွင် ထည့်သွင်းရေးသားသည်ဟု ဆုံးဖြတ်ကြောင်း သိရသည်။