• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပပြီးစီး

(GMT+08:00) 2017-10-24 18:01:55

ယခုလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် အကြိမ်သစ် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်ကို ရွေးချယ်တင်မြှောက်ပြီး ၁၈ကြိမ်မြောက် ဗဟိုကော်မတီ အစီရင်ခံစာ ဆိုင်ရာ ဆုံးဖြတ်ချက်၊ ၁၈ကြိမ်မြောက် ဗဟို စည်းကမ်း ထိန်းသိမ်းရေး ကော်မရှင် လုပ်ငန်း အစီရင်ခံစာ ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်းဥပဒေ ပြင်ဆင်ရေး မူကြမ်း ဆိုင်ရာ ဆုံးဖြတ်ချက်များကို အတည်ပြု ပြဌာန်းပြီး ညီလာခံ ကျင်းပပြီးစီးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၂၄ရက်နေ့ နံနက် ၉နာရီက ညီလာခံ ပိတ်ပွဲ အစည်းအဝေးကို စတင် ကျင်းပရာ ကိုယ်စားလှယ် ၂၃၃၆ဦးနှင့် အထူးဖိတ်ကြားသည့် ကိုယ်စားလှယ်များသည် မဲခွဲဆုံး ဖြတ်ခြင်းဖြင့် ကော်မတီ အဖွဲ့ဝင် ၂၀၄ဦးနှင့် အရံကော်မတီဝင် ၁၇၂ဦး ပါဝင်သော ၁၉ကြိမ်မြောက် ဗဟိုကော်မတီနှင့် ၁၉ကြိမ်မြောက် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အဖွဲ့ဝင် ၁၃၃ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ညီလာခံတွင် ၁၈ကြိမ်မြောက် ဗဟို ကော်မတီ၏ ကိုယ်စား ရှီကျင့်ဖိန် တင်သွင်းခဲ့သော အစီရင်ခံစာကို အတည်ပြုခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်းဥပဒေတွင် ရှီကျင့်ဖိန် ခေတ်ကာလသစ် တရုတ် ဝိသေသထူးခြားချက်ပါ ဆိုရှယ်လစ် အတွေးအခေါ်ကို မာ့က်စ်လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၊ တိန့်ရှောင်ဖိန် သဘောတရား၊ "ကိုယ်စားပြုမှု ၃ရပ်" အရေးကြီး အတွေးအခေါ်၊ သိပ္ပံနည်းကျစွာ ဖွံ့ဖြိုးတိုးတက်ရေး သဘောတရားများနှင့် အတူ တရုတ် ကွန်မြူနစ်ပါတီ၏ ဆောင်ရွက်ရေး လမ်းညွှန်ချက်များ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူကြကြောင်း ဖော်ပြသည်။

   Webradio