• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်နိုင်စွမ်းနှင့် စုစည်းမှုမြန်မာမီဒီယာပုဂ္ဂိုလ် ချီးကျူး

(GMT+08:00) 2017-10-24 14:46:01

      ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကို ပီကင်းတွင် ကျင်းပလျက်ရှိသည်။ မြန်မာ Opinion Leaders Media မှ ဝါရင့်သတင်းထောက် ဦးကောင်းတက်အောင်က ယင်းညီလာခံတွင် ပါဝင်သတင်းရယူပြီး၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်နိုင်စွမ်းနှင့် စုစည်းမှုအပေါ် တန်ဖိုးထားချီးကျူး ကြောင်း စီအာအိုင်က ဖော်ပြသည်။

စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံရာ၌၊ ဦးကောင်းထက်အောင်က၊ တရုတ်ပြည် တွင် ပထမအကြိမ် လာရောက်သတင်းရယူခြင်းဖြစ်သော်လည်း၊ မိမိအနေနှင့်၊ မြန်မာနိုင်ငံ ရှိခဲ့စဉ်က အင်တာနက်အပါအဝင်သက်ဆိုင်ရာ နည်းလမ်းများမှတစ်ဆင့်၊ တရုတ်ပြည် ၏ ဖွံ့ဖြိုးရေးအကြောင်းကို သိရှိနားလည်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအကြိမ် ပါတီကိုယ်စားလှယ် များ ညီလာခံသို့ လာရောက်သတင်းရယူပြီး၊ တရုတ်ပြည်နယ်ပယ်အသီးသီး၌ ဖွံ့ဖြိုး     တိုးတက်မှုများကို မျက်မြင်ကိုယ်တွေ့ခံစားနိုင်ခြင်းအတွက် အထူးဂုဏ်ယူမိပါကြောင်း ပြောကြားသည့်အပြင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်နိုင်စွမ်းနှင့် စုစည်းမှုအပေါ် ချီးကျူးကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio