• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် သာယာလှပသောတရုတ်ပြည် ထူထောင်ရေး ရည်မှန်းချက် ထုတ်ပြန်

(GMT+08:00) 2017-10-24 09:37:03

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၌ ရဲဘော် ရှီကျင့်ဖိန်၏ အစီရင်ခံစာတွင်၊ ဂေဟ စနစ် ယဉ်ကျေးမှု ဟူသော ဝေါဟာရကို ၁၂ ကြိမ် တိုင်တိုင် ပြောမိခဲ့သည်။ အစီရင်ခံစာတွင် ပထမဆုံး အကြိမ် အဖြစ် ချမ်းသာပြီး ဒီမိုကရေစီကျသော၊ ယဉ်ကျေးပြီး သင့်မြတ် သာယာလှပသော ဆိုရှယ်လစ် ခေတ်မီ နိုင်ငံကြီး ထူထောင်ရန် ရည်မှန်းချက်ကိုလည်း တင်ပြထားသည်။

တရုတ် ဗဟို ဘဏ္ဍာရေးနှင့် စီးပွါးရေး ဦးဆောင်အဖွဲ့ရုံး ဒုဥက္ကဋ္ဌ ယန်ဝေမင်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး လီကန်ကျယ်တို့သည် သာယာလှပသော တရုတ်ပြည် ထူထောင်ရေးဆိုင်ရာ အခြေအနေနှင့် အနာဂတ် စီမံကိန်း အကြောင်းကို ယခုလ ၂၃ ရက်နေ့က ၁၉ ကြိမ်မြောက် ညီလာခံ သတင်းစင်တာ၌ ပြည်တွင်းပြည်ပ သတင်းထောက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီး လီကန်ကျယ်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည်၏ ဂေဟစနစ် ထူထောင်ရေးနယ်ပယ်တွင် မကြုံစဖူးသော အကျိုးသက်ရောက်မှု ငါးရပ် ရရှိ ခဲ့ကြောင်း၊ ယင်းတို့သည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ခြင်း၊ ပတ်ဝန်းကျင် ကြပ်မတ်ခြင်းနှင့် စနစ် မူဝါဒများ ချမှတ်ခြင်း စသဖြင့် ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်း ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းသည့် တစ်ချိန်တည်းတွင် နိုင်ငံတကာ ပတ်ဝန်းကျင် ပြုပြင်ရေး လုပ်ငန်းတွင်လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားပါသည်။

   Webradio