• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံ သဘာပတိအဖွဲ့ တတိယ၊ စတုတ္ထ အကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-10-24 08:44:58

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိအဖွဲ့သည် ယခုလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ ခန်းမ ဆောင်ကြီး၌ တတိယနှင့် စတုတ္ထ အကြိမ် အစည်းအဝေးကို ကျင်းပပြီး၊ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီဝင်များ၊ အရန် ကော်မတီဝင်များနှင့် ဗဟို စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး ကော်မတီဝင်လောင်းများ အမည်စာရင်း မူကြမ်းကို အတည်ပြုခဲ့ပြီ ဖြစ်ပြီး ကိုယ်စားလှယ် အဖွဲ့အသီးသီးတို့ စိစစ်ဆွေးနွေးရန် တင်ပြခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရဲဘော် ရှီကျင့်ဖိန်သည် ယင်းအစည်းအဝေးများကို ကြီးမှူး ကျင်းပခဲ့ကြောင်း၊ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ညီလာခံတွင် မဲပေး ဆုံးဖြတ်ပွဲကို တရားဝင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio