• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်ကာလသစ်သို့ ဝင်ရောက်သော တရုတ်ပြည်သည် ကမ္ဘာ့အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များ ပြုလုပ်မည်

(GMT+08:00) 2017-10-23 16:21:37

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် အစီရင်ခံစာ တင်သွင်းရာ၌ ရှီကျင့်ဖိန်က တရုတ်ဝိသေသ ထူးခြားချက်ပါ ဆိုရှယ်လစ်သည် ခေတ်ကာလသစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သမိုင်းဝင် ကာလသစ် ဖြစ်ကြောင်း ဖော်ပြသည်။  ခေတ်ကာလ သစ်တွင် ဝင်ရောက်သော တရုတ်ပြည်သည် ကမ္ဘာ့အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များ ပြုလုပ်မည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ယခုနှစ် သြဂုတ်လက ပြင်သစ်နိုင်ငံ ဈေးကွက် အတိုင်ပင်ခံ ဌာနဖြစ်သည့် Ipsosသည် တရုတ်၊ အမေရိကန်၊ ဗြိတိန်နှင့် ဂျပန် အပါအဝင် ၂၆နိုင်ငံတွင် ပြည်သူ့ သဘောထား ကောက်ယူမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၄င်းပြည်သူ့ သဘောထား ကောက်ယူမှုများ၏ ရလဒ်အရ တရုတ် ပြည်သူ (၈၇)ရာခိုင်နှုန်းသည် အနာဂတ် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အကောင်းဘက်မှ မြင်ကြကြောင်း၊ ပြည်သူ့ သဘောထား ကောက်ယူမှု အားလုံးတွင် အများဆုံး ဖြစ်ကြောင်း သိရသည်။

   Webradio