• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် ပတ်သက်၍ တရုတ်ပြည်သူများ အာရုံစိုက်

(GMT+08:00) 2017-10-23 16:20:34

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် လူမှုအာမခံရေး တိုးမြှင့်ရန်၊ ပြည်သူတို့၏ စားဝတ်နေရေးကို ကောင်းမွန်စေရန်၊ လူမှုရေး စီမံခန့်ခွဲမှု တိုးမြှင့်ရန်နှင့် ဆန်းသစ်တီထွင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြည်သူများ၏ အကျိုးစီးပွားများကို ထိပ်ဆုံးနေရာတွင် အမြဲထားပြီး ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး အောင်မြင်မှုများကို ပြည်သူ တစ်ရပ်လုံးအား ပိုမိုများပြားစွာနှင့် တရားမျှတစွာ မျှဝေခံစားစေကာ ပြည်သူ တစ်ရပ်လုံး အတူ ချမ်းသာရေးကို အကောင်အထည်ဖော်ရန် အတွက် အဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။ မကြာခင် ရက်များက တရုတ်ပြည်သူများသည် ၄င်းအစီရင်ခံစာကို ချီးကျူးကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဟိုပေပြည်နယ် ဟန်ဒန်းမြို့ ကွမ်ဖိန်ခရိုင် ဟိုနန်ယန်ပေါင်ရွာရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် အလုပ်လုပ်ကိုင်သော ဆေးကုသရေး ဝန်ထမ်း လျူကွေ့ဖန်းကို လူအများက  အချောဆုံး ကျေးလက် ဆရာဝန်ဟု ခေါ်ဝေါ်ကြသည်။ လျူကွေ့ဖန်းက တရုတ် ကွန်မြူနစ် ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် ပြည်သူများ၏ အကျိုးစီးပွားရရှိခြင်း၊ ချမ်းမြေ့သာယာမှုနှင့် ယုံကြည်စိတ်ချရမှု ဆိုင်ရာ ထိတွေ့ခံစားမှု များကို ပိုမိုပြည့်ဝစေပြီး အာမခံပေးကာ ဆက်တိုက်ရှိစေရန် ဆောင်ရွက်မည် ဟုဖော်ပြကြောင်း၊ မိမိသည် အနာဂတ်တွင် ပိုမို ကောင်းမွန်သော နေထိုင်မှု ရှိရန် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ပြောကြားသည်။

၎င်းဘိုးဘွားရိပ်သာတွင် နေထိုင်သူ ကြည်လိစန်းသည် အစီရင်ခံစာ အပေါ် အလွန်အာရုံစိုက်နေသည်။ ၄င်းက မိမိတို့ သက်ကြီးရွယ်အိုတို့၏ အငြိမ်းစားငွေ တစ်နှစ် ထက်တစ်နှစ် တိုးပွားလာပြီး ဆေးဝါးကုသမှုနှင့် လူမှုအာမခံရေး ဝန်ဆောင်မှုသည် အဆက်မပြတ် ကောင်းမွန်လာကာ မိမိတို့ သက်ကြီးရွယ်အိုများသည် ပြုပြင်ပြောင်းလဲမှု တွင် ရရှိသော အောင်မြင်မှုများမှ အကျိုးစီးပွားများကို တကယ် ရှိခဲ့ကြောင်း၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် တရုတ် ကွန်မြူနစ်ပါတီကို များစွာ ချီးကျူးကြောင်း ပြောကြားသည်။

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် ပါတီနှင့် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးနှင့် တစ်နိုင်ငံလုံးမှ အင်အားများကို စုစည်းပြီး ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းကို အားထုတ်ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။ ယင်းဖော်ပြချက်သည် ဆင်းရဲသည့် ဒေသများမှ နေထိုင်သူများ၏ ယုံကြည်မှု တိုးပွားလာစေသည်။ ယူနန်ပြည်နယ် လူတျန့် ခရိုင်သည် ဆိုးရွားသော ငလျင်ဘေး ဒဏ်ခံခဲ့ဖူးသော ဆင်းရဲသည့်ဒေသ ဖြစ်သည်။ ၃နှစ်ကြာ ကြိုးပမ်းဆောင်ရွက်ပြီး လူတျန့်ခရိုင်၏ အသွင်အပြင် သစ်လွင်တင့်ဆန် လာသည်။ လူတျန့် ခရိုင် လုံထိုစန်း မြို့နယ် ပါတီ ကော်မတီ အတွင်းရေးမှူး လီရှန့်ယွင်က မိမိတို့ လုံထိုစန်း မြို့နယ်သည် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ စီမံကိန်းကြီးအရ  အတော်အတန် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း အကောင်အထည်ဖော်ရန် အတွက် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio