• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံရေး အခြေအနေ ဖန်တီးပေးမည်

(GMT+08:00) 2017-10-23 16:18:38

      တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ယခုနှစ် တရုတ်ပြည်၏ ခန့်မှန်းခြေ စီးပွားရေး တိုးတက်နှုန်း ၆့၅ရာခိုင်နှုန်း ခန့်ကို အဆင်ပြေစွာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အရပ်ဘက်မှ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန် အတွက် အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးပေးမည် ဖြစ်ကြောင်း ယခုလ ၂၁ရက်နေ့က ပီကင်းတွင် ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ တရုတ် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ ယမန်နှစ် အလာတူ အချိန်ပိုင်းကထက် ၆့၉ရာခိုင်နှုန်းတိုးလာပြီး တိုးတက်နှုန်း မှာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၀့၂ရာခိုင်းနှုန်း တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

တရုတ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဟိုလိဖုန်းက တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာသည်မှာ ခက်ခဲသည့် အခြေအနေမျိုး၌ တရုတ် စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်ရှင်သန်စွာ  ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ပြီး တစ်ကမ္ဘာလုံး အာရုံစိုက်ရလောက်အောင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio