• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက်ညီလာခံ အစီရင်ခံစာပါ Belt and Road တည်ဆောက်ရေး အကြောင်း ဦးဟိန်းလတ် ပြောဆို

(GMT+08:00) 2017-10-23 11:56:41

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၈ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံ နာမည်ကျော် တရုတ်ပြည်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဟိန်းလတ်သည် ယင်းကို တလျှောက်လုံး အာရုံ စူးစိုက်နေသည်။ ၄င်းက၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံ အစီရင်ခံစာတွင် တရုတ်ပြည်၏ အနာဂတ် သံတမန်ရေး မူဝါဒကို ရှင်းလင်း ဖေါ်ပြပြီး Belt and Road တလျှောက်မှ နိုင်ငံများသည် Belt and Road တည်ဆောက်ရေးတွင် ယုံကြည် စိတ်ချစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဟု မကြာမီက စီအာအိုင် သတင်းထောက်နှင့် အင်တာဗျူး ပြုလုပ်ရာ၌ ပြောကြားပါသည်။

ဦးဟိန်းလတ်သည် မြန်မာ နာမည်ကျော် စာရေးဆရာ ဖြစ်ပြီး ပါရင့် သတင်းထောက် တစ်ဦးလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် Skynet ရုပ်မြင်သံကြားဌာန သတင်းဌာန အယ်ဒီတာချုပ် တာဝန် ထမ်းဆောင်နေသည်။

တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်ရေးကို အဓိက အဖြစ် ထားပြီး Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးမည်ဟု အစီရင်ခံစာတွင် ရေးသားဖေါ်ပြထားသည်။ ယင်းနှင့် ပတ်သက်ပြီး ဦးဟိန်းလတ်က၊ Belt and Road ကမ်းလှမ်းချက်သည် ကမ္ဘာကြီးအတွက် ကြီးမြတ်သော စီးပွါးရေး ကွန်ရက် တစ်ခုကို ဖွဲ့စည်း တည်ဆောင်ပေးမည် ဖြစ်ကြောင်း၊ Belt and Road တည်ဆောက်ရေးကို မည်သူမှ ကန့်ကွက်မည် မဟုတ်ဘဲ အားလုံး ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံ အချင်းအချင်း အပြန်အလှန် အကျိုးရှိစေနိုင်သော ကမ်းလှမ်းချက် တစ်ရပ် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံ ၁၀၀ ကျော်တို့သည် Belt and Road လက်တွဲ တည်ဆောက်ရေး ကမ်းလှမ်းချက် အပေါ် ထောက်ခံရန်နှင့် ပါဝင်ဆောင်ရွက်ရန် ဆန္ဒကို ဖေါ်ပြပြီ ဖြစ်ပြီး မြန်မာ နိုင်ငံသည်လည်း ယင်းလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အာဏာ ကျင့်သုံးခဲ့သည့်နောက်ပိုင်း စီးပွါးရေး ဖွံ့ဖြိုးမှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန်ကို လွန်စွာ အလေးထားပါသည်။ သိုသော် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှု ဖူဖူလုံလုံ မရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခြေခံ အဆောက်အအုံ စုံလင် ကောင်းမွန်မှု မရှိသဖြင့် နိုင်ငံခြား လုပ်ငန်းရှင်များစွာ တွေဝေ နေကြပါသည်။ ယင်းနှင့် ပတ်သက်ပြီး ဦးဟိန်းလတ်က၊ Belt and Road တည်ဆောက်ရေးသည် မြန်မာ နိုင်ငံ အတွက် ယင်းပြဿနာများကို ဖြေရှင်းပေးနိုင်သည်ဟု ယူဆပါသည်။ ကျောက်ဖြူ အထူး စီးပွါးရေးဇုန်ကို ဥပမာ တင်ပြီး ၄င်းက၊ ကျောက်ဖြူ လုပ်ငန်းစဉ်နှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ် ပြီးသည့်နောက် ယင်းတစ်လျှောက်မှ မြို့ရွာများ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ကြောင်း၊ ဒေသခံအတွက် နည်းပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်မည့်အပြင် ပိုမို များပြားသော အလုပ်အကိုင် နေရာသစ်များကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ ကုန်စည် စီးဆင်းမှု ဖွံ့ဖြိုး လာပြီးနောက် ပိုမို များပြားသော စတိုးဆိုင်နှင့် ကုမ္ပဏီလည်း ပေါ်ထွက်လာမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဦးဟိန်းလတ်က၊ Belt and Road တည်ဆောက်ရေးသည် Belt and Road တစ်လျှောက်မှ နိုင်ငံများတွင် ဆင်းရဲမှုနှင့် မတည်ငြိမ်မှုများ လျော့နည်းစေရေး အတွက် အထောက်အကူ ပြုနိုင်မည်ဟု ယူဆပါသည်။ ၄င်းက၊ စီးပွါးရေး ဖွံ့ဖြိုးမှု အားနည်းသော နိုင်ငံများသည် စီးပွါးရေး အားကောင်းသော နိုင်ငံများ မိမိတို့ကို ဖိနှိပ်ရန်ကို စိုးရိမ် တတ်ကြောင်း၊ ဖွံ့ဖြိုးမှု အားနည်းသော နိုင်ငံများ စီးပွါးရေး တိုးတက်အောင် အကူအညီ ပေးနိုင်ပါက နိုင်ငံ အချင်းအချင်းအကြား ဆက်ဆံမှုမှာ ပိုမို ချစ်ခင်ရင်းနှီးသွားမှာ ဖြစ်ကြောင်း၊ အတူ ချမ်းသာရေး အကောင်အထည် ဖေါ်ဆောင်နိုင်ပါက ကမ္ဘာ့ ငြိမ်းချမ်းရေးလည်း ဖေါ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ Belt and Road ကမ်းလှမ်းချက်သည် နိုင်ငံ အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု အတွက် လမ်းကြောင်း တစ်ခု ဖွင့်လှစ် ပေးကြောင်း၊ ယင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်း ဖြစ်ပြီး ယင်းလမ်းကြောင်းမှ တဆင့် လူလူချင်းအကြား ပိုမို သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဦးဟိန်းလတ်က၊ တရုတ်နိုင်ငံသည် Belt and Road တည်ဆောက်ခြင်းဖြင့် စီးပွါးရေးနှင့် သံတမန်ရေး တိုးချဲ့မှု ပြုလုပ်နိုင်မည်ဟု လူအချို့က စိုးရိမ်နေကြောင်း၊ ၁၉ ကြိမ်မြောက် ညီလာခံ အစီရင်ခံစာတွင် Belt and Road တည်ဆောက်ခြင်းကို အတူ တိုင်ပင်ဆွေးနွေး၊ အတူ တည်ဆောက်ခြင်းနှင့် အတူ မျှဝေခံစားခြင်း မူအတိုင်း လုပ်ဆောင်သည်ဟု ဖေါ်ပြထားကြောင်း၊ ယင်းသည် လူအများ၏ မယုံသင်္ကာမှုများ ပပျောက်ခြင်းအတွက် အကျိုးရှိပါကြောင်း ယုံကြည်ပါသည်။ ၄င်းက၊ နိုင်ငံ အချင်းချင်း ဆက်ဆံရေးမှာ ပြည်သူများ ခင်မင်ရင်းနှီးခြင်းသည် လွန်စွာ အရေးကြီးကြောင်း၊ ရှီကျင့်ဖိန်၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံက မည်သို့ပင် ဖွံ့ဖြိုးစေကာမူ၊ ဗိုလ်ကျ စိုးမိုးရေး ပြုလုပ်မှာ ထာဝစဉ် မဟုတ်ဟု ဖေါ်ပြထားကြောင်း၊ သို့ဖြစ်၍ မိမိတို့သည် ယုံကြည် စိတ်ချပြီး ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကာ စီးပွါးရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးရှီစေရေးကို အကောင်အထည် ဖေါ်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio