• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လံဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာသည် အာဆီယံနိုင်ငံများ စိတ်ချမှုရှိ

(GMT+08:00) 2017-10-23 11:45:41

       တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လံဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ဖွင့်ပွဲတွင် ရှီကျင့်ဖိန် တင်ပြခဲ့သော အစီရင်ခံစာကို နိုင်ငံအသီးသီးတို့က အာရုံစိုက်ကြသည်။ ဖိလစ်ပိုင် Independent Media Producer မစ္စတာ Herman Laurelက ရှီကျင့်ဖိန် တင်ပြခဲ့သော အစီရင်ခံစာသည် တရုတ်ပြည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန် စိတ်ပိုင်းဖြတ်ခြင်းကို ဖော်ပြကြောင်း၊ ယင်းသည် ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံများအတွက် စိတ်ချလက်ချဖြစ်စေကြောင်း ယခုလ ၂၁ ရက်နေ့က စီအာအိုင်သတင်းထောက်များအား ပြောကြားသည်။

        Herman Laurelက တရုတ်ပြည်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုတွင် အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာတွင် တင်ပြခဲ့သော တရုတ်ပြည်၏ အနာဂတ် ဖွံ့ဖြိုးရေး စီမံကိန်းများကို တစ်ကမ္ဘာလုံးက အာရုံစိုက်ကာ တရုတ်ပြည်၏ ဖွံ့ဖြိုးမှုဖြင့် နိုင်ငံအသီးသီးတို့အတွက် အခွင့်ကောင်းများ ဖန်တီးပေးနိုင်ရန်လည်း မျှော်လင့်ကြကြောင်း ပြောကြားသည်။

   Webradio