• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံ အပေါ် အရှေ့တောင် အာရှ နိုင်ငံ မီဒီယာများ အာရုံစိုက်

(GMT+08:00) 2017-10-21 13:55:50

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၈ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အရှေ့တောင် အာရှ နိုင်ငံများမှ အဓိက မီဒီယာများသည် များစွာ အာရုံစိုက်နေကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၁၉ရက်နေ့ထုတ် စင်ကာပူ လျန်ဟိုဇော်ဘော် သတင်းစာမှ ဝေဖန်ရေး ဆောင်ပါး တစ်ပုဒ်တွင် လာမည့် ၁၅နှစ်တွင် တရုတ်ပြည်၏ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်များသည် ဘက်စုံတိုးတက်ပြီး နိုင်ငံတော် စီမံခန့်ခွဲရေး စနစ်နှင့် စီမံခန့်ခွဲနိုင်စွမ်း ခေတ်မီရေးကို အကောင်အထည်ဖော်ကာ နိုင်ငံတော်အင်အားနှင့် နိုင်ငံတကာ သြဇာသက်ရောက်မှု ကြီးမားသည့် နိုင်ငံ ဖြစ်လာမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ထိုင်းနိုင်ငံ အဓိက မီဒီယာ ဖြစ်သည့် Voice TVတွင် တရုတ် ကွန်မြူနစ်ပါ၏ ဦးဆောင်မှုဖြင့် တရုတ်ပြည်သည် တံခါးဖွင့်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို စွဲကိုင်ကြောင်း၊ ယင်းသည် တရုတ်ပြည် အပေါ် နိုင်ငံတကာ မိသားစုကြီးမှ မျှော်လင့်ချက်နှင့် ကိုက်ညီကြောင်း ဖော်ပြသည်။

ထို့အပြင်၊ စင်ကာပူ The Straits Timesသတင်းစာ၊ ဗီယက်နမ် Nhan Dan သတင်းစာနှင့် မလေးရှား Sinchew Daily သတင်းစာများတွင် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

   Webradio