• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံ အပေါ် ရုရှား အာရုံစိုက်နေဟု ပူတင်ဆို

(GMT+08:00) 2017-10-21 13:52:01

    ရုရှား သမ္မတ ပူတင်က မိမိနှင့် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကောင်းမွန်သော ပုဂ္ဂိုလ်ရေး ချစ်ကြည်မှု ရှိကြောင်း၊ ရုရှားနှင့် တရုတ် နှစ်နိုင်ငံသည် နိုင်ငံတကာ ပြဿနာနှင့် ကိစ္စရပ်များ အပေါ် သဘောတူညီမှု အမြဲရရှိနိုင်ကြောင်း၊ ရုရှားသည် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အပေါ် မျက်ခြေမပြတ် အာရုံစိုက်နေကြောင်း၊ တရုတ်ပြည်သည် ကမ္ဘာ့ စီးပွားရေး အတွက် တွန်းအားပေးမှု ဖြစ်ကြောင်း၊ ရုရှားနှင့် တရုတ်တို့သည် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပူးတွဲ လက်တွေ့ဖော်ဆောင်ကြမည် ဖြစ်ကြောင်း ယခုလ ၁၉ရက်နေ့က ဆိုချီတွင် ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio