• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပခြင်း အပေါ် နိုင်ငံခြား ခေါင်းဆောင်၊ ပါတီနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုကြောင်း ဖော်ပြ

(GMT+08:00) 2017-10-21 14:04:30

      တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပနေစဉ်တွင် နိုင်ငံခြား ခေါင်းဆောင်၊ ပါတီနှင့် အဖွဲ့အစည်းများသည် ဂုဏ်ပြုသဝဏ် လွှာအသီးသီး ပေးပို့ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က ဂုဏ်ပြုသဝဏ်လွှာတွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ထက်မြက်မှန်ကန်သည့် ဦးဆောင်မှုဖြင့် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ ချမှတ်သော အရေးကြီး ပြည်တွင်းပြည်ပ မူဝါဒများသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာရေးကို တွန်းအားပေးမည့် အပြင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သင့်မြတ်သာယာရေးကို တွန်းအားပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြသည်။

တူရကီ သမ္မတ အာဒိုဂန်က ဂုဏ်ပြုသဝဏ်လွှာတွင် ယခုအကြိမ် ညီလာခံသည် ကမ္ဘာအား တရုတ်ပြည်၏ ခိုင်မာပြတ်သားသော ဖွံ့ဖြိုးတိုးတက်ရေး စိတ်ပိုင်းဖြတ်ချက်ကို ပြသသည့် အစည်းအဝေး ဖြစ်ကြောင်း၊ တူရကီသည် တရုတ်ပြည်နှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင်၊ ဗင်နီဇွဲလား သမ္မတ မာဒူရို၊ ပီရူး သမ္မတ ကူချင်စကီ၊ ဂမ်ဘီယား သမ္မတ ဘာရို၊ ခရိုအေးရှား သမ္မတ ကီတာရိုဗီချီ၊ နီပေါ အစိုးရ ဝန်ကြီးချုပ် ဒယ်အူဘာ အပါအဝင် နိုင်ငံနှင့် အစိုးရ ခေါင်းဆောင်များသည် ဂုဏ်ပြု သဝဏ်လွှာကို အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

 

   Webradio