• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယဉ်ကျေးမှု ကူးလူဖလှယ်ရေး တိုးမြှင့်ခြင်းသည် နိုင်ငံများမှ ပြည်သူများ အကြား သိရှိနားလည်မှု တိုးပွားစေရေး အတွက် အရေးကြီး နည်းလမ်း

(GMT+08:00) 2017-10-21 13:47:37

ယခုလ ၂၀ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံသို့ တက်ရောက်နေသော ယဉ်ကျေးမှုနှင့် အနုပညာ နယ်ပယ်များမှ ကိုယ်စားလှယ်များသည် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

ညီလာခံ ကိုယ်စားလှယ်၊ စီအာအိုင် အနောက်အာရှနှင့် အာဖရိက ဒေသ ထုတ်လွှင့်ရေး စင်တာ ဌာနမှူး၊ ဒုညွှန်ချုပ် ရှရုံမင်က ယဉ်ကျေးမှုသည် နိုင်ငံများမှ ပြည်သူများအကြား သိရှိနားလည်မှု တိုးပွားစေရန် အရေးကြီး နည်းလမ်းနှင့် ပလက်ဖောင်း ဖြစ်သည့်အပြင်၊ နိုင်ငံတကာ ထုတ်လွှင့်မှု အတွက် ကောင်းမွန်သည့် အချက်အလက်များ လည်းဖြစ်ကြောင်း၊ မကြာခင်နှစ်များက စီအာအိုင်သည် တရုတ် ရုပ်ရှင်နှင့် တီဗီ ဇာတ်လမ်းတွဲများ ဘာသာပြန်ထုတ်လုပ်ခြင်း အပါအဝင် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများ ကျင်းပပြီး တရုတ်နှင့် အခြားနိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး ကိုတွန်းအားပေးရန် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

Belt and Road တလျှောက်ရှိ နိုင်ငံများ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ရှရုံမင်က Belt and Road တလျှောက်ရှိ နိုင်ငံများ၏ လူမှုရေး စနစ်၊ ဖွံ့ဖြိုးရေး လမ်းကြောင်းနှင့် ရိုးရာဓလေ့ထုံးစံ စသည်များ မတူခြားနားကြောင်း၊ မတူခြားနားသည့် နေထိုင်မှု ပုံစံ၊ လူမှုရေး စနစ်နှင့် တွေးခေါ်နည်းများကြောင့် နိုင်ငံများ အကြား သိရှိနားလည်မှု မရှိခြင်းနှင့် အထင်လွဲမှားမှု ဖြစ်ပေါ်လာခြင်းမှာ ပုံမှန်ဖြစ်ကြောင်း၊ Belt and Road အဆိုပြုချက်တွင် ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် သိရှိနားလည်မှုသည် အရေးကြီး အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ နိုင်ငံများမှ ပြည်သူများ အကြား သိရှိနားလည်မှု ဆိုသည်မှာ ယဉ်ကျေးမှု ဆိုင်ရာ အပြန်အလှန် သိရှိနားလည်မှု၊ ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှင့် အပြန်အလှန် နည်းယူလေ့လာရေးပင် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio