• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး ပင်မ မူဘောင် အခြေခံ အားဖြင့် ဖြစ်တည်လာ

(GMT+08:00) 2017-10-21 13:46:35

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အစီရင်ခံစာတွင် ယနေ့ခေတ် တရုတ် ကွန်မြူနစ်ပါတီဝင်နှင့် တရုတ်ပြည် သူများသည် ယဉ်ကျေးမှု လုပ်ငန်းတာဝန်သစ်များကို ထမ်းဆောင်သင့်ကြောင်း၊ ယဉ်ကျေးမှု လုပ်ငန်းတာဝန်သစ်များကို ထမ်းဆောင်နိုင်မှာ မုချမလွဲ ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက် မှုများတွင် ယဉ်ကျေးမှု ဖန်တီးပေးရန်၊ သမိုင်းတိုးတက်ရာတွင် ယဉ်ကျေးမှုဆိုင်ရာ တိုးတက်မှု ရရှိရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ တရုတ် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေး ပင်မ ပူဘောင်သည် အခြေခံ အားဖြင့် ဖြစ်တည်လာကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လက်ရှိအချိန်က တရုတ်ပြည်၏ စာအုပ်ထုတ်ဝေမှု၊ တီဗီဇာတ်လမ်း ထုတ်လုပ်မှု၊ ထုတ်လွှင့်မှုနှင့် ရုပ်ရှင်ပြရန်ပိတ်ကား ပမာဏများသည် ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ကြောင်း၊ ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ် ယဉ်ကျေးမှု လုပ်ငန်း တိုးတက်မှု တန်ဖိုးမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၃၀၈၀ရှိပြီး တရုတ် ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ၄့၁၄ရာခိုင်နှုန်း အထိ တိုးလာကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

 

   Webradio