![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
၁၉ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာ ညီလာခံ သဘာပတိ အဖွဲ့ ဒုတိယ အကြိမ် အစည်းအဝေး ကျင်းပ
တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ သဘာပတိ အဖွဲ့ ဒုတိယ အကြိမ် အစည်းအဝေးကို ယခုလ ၂၀ရက်နေ့ ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
ညီလာခံ အတွင်းရေးမှူးချုပ် လျူယွင်စန်းသည် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်၊ အရံကော်မတီဝင်နှင့် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အဖွဲ့ဝင် အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များ အမည်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ အစီရင်ခံစာ ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း၊ ၁၈ကြိမ်မြောက် ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မရှင်မှ လုပ်ငန်း အစီရင်ခံစာ မူကြမ်းနှင့် တရုတ် ကွန်မြူနစ်ပါတီ အခြေခံ စည်းမျဉ်း ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းများကို ညီလာခံ တက်ရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့ အသီးသီးထံ ဆွေးနွေးဖို့ တင်သွင်းရန် အတည်ပြု ပြဌာန်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင်၊ အရံကော်မတီဝင်နှင့် ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင် အဖွဲ့ဝင် အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များ အမည်စာရင်းကို အတည်ပြု ပြဌာန်းပြီး ကိုယ်စားလှယ်အဖွဲ့ အသီးသီးထံ ဆွေးနွေးရန် တင်သွင်းခဲ့ကြောင်း သိရသည်။