• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"တရုတ်-ရှီကျင့်ဖိန်ကာလ" မှတ်တမ်းတင်ကားကို နိုင်ငံခြား ပရိသတ်များ အာရုံစိုက်

(GMT+08:00) 2017-10-20 15:29:48

အမေရိကန် Discovery Channelမှ ရိုက်ကူးထားသော ၃ပိုင်း ပါရှိသည့် "တရုတ်- ရှီကျင့်ဖိန်ကာလ" (China:Time of Xi) တီဗီမှတ်တမ်းတင်ကားကို ယခုလ ၁၆ရက်နေ့ည က Discovery Channel အာရှနှင့် ပစိဖိတ် TV Networkတွင် ပထမဆုံး အကြိမ် ထုတ်လွှင့်ပြီးစီးခဲ့ကြောင်း၊ ဂျပန်၊ တောင်ကိုးရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် နိုင်ငံနှင့် ဒေသ ၃၇ခုမှ ပရိသတ် အိမ်ထောင်စု သန်း၂၀၀ကျော် ဖမ်းယူကြည့်ရှုနိုင်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် နိုင်ငံတကာ အဓိက မီဒီယာမှ တရုတ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အတွေးအခေါ်ကို ဘက်စုံ ရှင်းလင်းဖော်ပြသည့် အစီအစဉ် အဖြစ် ပထမဆုံး အကြိမ် ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြား ပုဂ္ဂိုလ်များသည် ၄င်းမှတ်တမ်းတင်ကား အပေါ် ကျယ်ပြန့်စွာ အာရုံစိုက်ပြီး ချီးကျုးကြောင်း သိရသည်။ ၄င်းတို့က ယင်းမှတ်တမ်းတင်ကားတွင် အမျှော်အမြင်ရှိပြီး ကမ္ဘာ့ အပေါ် သြဇာသက်ရောက်မှု ရှိသော တရုတ် နိုင်ငံတော် ခေါင်းဆောင် တစ်ဦးကို ဖော်ပြပြီး လက်ရှိအချိန်တွင် ကမ္ဘာ့အတွက် တရုတ်ပြည်နှင့် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှု ၏အနက်အဓိပ္ပါယ်ကို လူအများက ပိုမိုဘက်စုံကောင်းမွန်စွာ သိရှိနားလည်ရန် အထောက် အကူဖြစ်ကြောင်း ဖော်ပြသည်။

မလေးရှား နိုင်ငံ ပစိဖိတ် သုတေသန စင်တာမှ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ် ဟူယီစန်းက ၄င်းမှတ်တမ်းတင်ကားတွင် လွန်ခဲ့သည့် ၅နှစ် အတွင်း ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်ပြည် ရရှိခဲ့သော ဖွံ့ဖြိုးတိုးတက်မှုများကို ဘက်စုံ ဖော်ပြကြောင်း ပြောကြားသည်။

၎င်းမှတ်တမ်းတင်ကား၏ ပရိုဂျူဆာ၊ ဗြိတိန် နိုင်ငံ ဝါရင့် တီဗီ ပရိုဂျူဆာ လစ်ဇီ မက္ကလောက ပရိသတ်များသည် ရှီကျင့်ဖိန်ကို တစ်ဆင့်တိုး သိရှိနားလည်ရန် မိမိတို့က မျှော်လင့်ကြောင်း၊ ရှီကျင့်ဖိန်သည် တရုတ် အပေါ်ရော၊ တစ်ကမ္ဘာလုံး အပေါ်ပါ ကြီးမားသည့် သြဇာသက်ရောက်မှု ရှိကြောင်း၊ ယင်းမှတ်တမ်းတင်ကားသည် လူအများက တရုတ်ပြည်ကို ပိုမို ကျယ်ပြန့်စွာ သိရှိနားလည်မှုကို အားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

သြစတြေးလျ နိုင်ငံ စစ်ဒနီ တက္ကသိုလ် ကုန်သွယ်ရေး ပညာ ကောလိပ် ပါမောက္ခ ဟန်စ် မင်ဒရစ်ရှ်က ၄င်းမှတ်တမ်းတင်ကားတွင် ဖော်ပြထားသည့် တရုတ်ပြည်၏ ဆင်းရဲမှု ပပျောက်စေရေး တိကျမှန်ကန်စွာ ဆောင်ရွက်ခြင်းနှင့် ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်း လဲမှု စသည့် နယ်ပယ်များ၌ ရရှိခဲ့သော အောင်မြင်မှုများကို များစွာ ချီးကျူးကြောင်း ပြောကြားသည်။

   Webradio