• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာသည် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့် အချက်ပြ လိုက်ခြင်း ဖြစ်ဟု အင်ဒိုနီးရှား ပညာရှင်ဆို

(GMT+08:00) 2017-10-20 15:28:36

တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခုလ ၁၈ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ရာ အင်ဒိုနီးရှား ပညာရှင်များသည် ညီလာခံ ဖွင့်ပွဲ အစည်းအဝေးတွင် ရှီကျင့်ဖိန်မှ တင်သွင်းခဲ့သော အစီရင်ခံစာ အပေါ် အာရုံစိုက်နေကြောင်း၊ စီအာအိုင် သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာ ရှီကျင့်ဖိန်၏ အစီရင်ခံစာသည် ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့် အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခု တရုတ်ပြည် ကြည်လင်တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ပညာ ဒေါက်တာဘွဲ့ ရရှိရန် သင်ယူလေ့လာနေသည့် အင်ဒိုနီးရှား ပညာတော်သင် ဟန်ဖရေက ရှီကျင့်ဖိန်၏ အစီရင်ခံစာသည် နိုင်ငံတကာ မိသားစုကြီး အပေါ် အလွန် ကောင်းမွန်သည့် သြဇာသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား တက္ကသိုလ်ကောလိပ်ကျောင်းများမှ တရုတ် ရေးရာ သုတေသန အစီအစဉ်များ အသင်း ဥက္ကဋ္ဌ တီတီ ရာဟားဂျန်တီက တရုတ် ကွန်မြူနစ်ပါတီ ၁၈ကြိမ် မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်းတွင် တရုတ် ကွန်မြူနစ်ပါတီသည် ပါတီသန့်စင်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ဆင်းရဲမှု တိကျမှန်ကန်စွာ ဆောင်ရွက်ရေး နယ်ပယ်များတွင် တစ်ကမ္ဘာလုံးက အာရုံးစိုက် ရလောက်အောင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။

 

   Webradio