• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ၁၉ကြိမ်မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံ အစီရင်ခံစာသည်အမျှော်အမြင်ရှိသည်ဟု ဖိလစ်ပိုင်သံအမတ်ကြီးဆို

(GMT+08:00) 2017-10-20 12:00:58

တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီး ရိုမာနာသည် ယခုလ၁၉ရက်နေ့က ပီကင်းမြို့၌ စီအာအိုင်သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယခုလ၁၈ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ၌ ဥက္ကဋ္ဌရှီးကျင့်ဖိန် တင်ပြသော အစီရင်ခံစာသည် အမျှော်အမြင်ရှိပြီး တရုတ်ပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ပေးကြောင်း၊ ထို့အပြင် ဖိလစ်ပိုင်-တရုတ်ဆက်ဆံမှုအတွက် အကျိုးသက်ရောက်မှု ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

   Webradio