• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2017-10-20 09:33:48

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ပထမ အကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပ ခဲ့ကြောင်း၊ ဗဟို စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေးကော်မတီ ဒုအတွင်းရေးမှူးချုပ်၊ စည်းမျဉ်း စည်းကမ်း ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံတော် အဂတိလိုက်စားမှု ကြိုတင် ကာကွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ယမ်ရှောင်တူနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းရုံးရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချီယုတို့သည် ပါတီ ထူထောင်ရေးလုပ်ငန်းနှင့် ပါတီကို တင်းကျပ်စွာ ကြပ်မတ်ရေးဆိုင်ရာ အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

၎င်းတို့က၊ တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီသည် ပိုမို အားကောင်း ခိုင်မာပြီး ပိုမို သန့်စင် လာပြီ ဖြစ်ကြောင်း၊ ပါတီကို ကြပ်မတ်ရေး လုပ်ငန်းမှာ ပိုမို တင်းကျပ် လာပြီ ဖြစ်ကြောင်း၊ ပါတီ စည်းမျဉ်းစည်းကမ်း ပြင်ဆင်ရေးမှာ ပါတီ၏ လမ်းညွှန် အတွေးအခေါ်နှင့် အချိန်နှင့် တပြေးညီ တိုးတက်ရေးဆိုင်ရာ လိုအပ်ချက်ပင် ဖြစ်ကြောင်း၊ ၁၉ ကြိမ်မြောက် ညီလာခံ အပြီးတွင် အဂတိလိုက်စားမှု ပြင်းထန်ဆိုးဝါးသော အရာရှိကြီးများအား အဓိက အရေးယူမည် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

ပြည်တွင်းပြည်ပမှ သတင်းထောက် ၂၉၀ ကျော်တို့သည် ယခုအကြိမ် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio