• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကွန်မြူနစ်ပါတီ ညီလာခံ ကွေ့ကျိုး ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲတွင် ပါဝင်

(GMT+08:00) 2017-10-20 09:25:19

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ယခု ပီကင်း၌ ကျင်းပနေကြောင်း၊ ၁၉ ရက်နေ့ နံနက်ပိုင်းက ရဲဘော် ရှီကျင့်ဖိန်သည် ကွေ့ကျိုးပြည်နယ် ကိုယ်စားလှယ်များအဖွဲ့ ဆွေးနွေးပွဲတွင် ပါဝင် ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာသည် ပါတီနှင့် နိုင်ငံတော် လုပ်ငန်းများ၏ ချီတက်ရေး ဦးတည်ချက်ကို ညွှန်ပြပြီး၊ ပါတီက တစ်ပြည်လုံးမှ တိုင်းရင်းသား ပေါင်းစုံတို့ကို ဦးဆောင်ပြီး ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်ကို စွဲကိုင် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး ကြေညာချက်နှင့် လုပ်ငန်းစဉ်ပင် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်ကို ရှေ့သို့ တွန်းအား ပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio